ရွှေတောင် ဇန်နဝါရီ ၁၂
၂၀၁၉-၂၀၂၀ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ပြည်ခရိုင်၊ ရွှေတောင်မြို့၊ (အ-ထ-က) ရွှေတောင်ရတနာခန်းမ၌ ကျင်းပရာ (အ-ထ-က)ကျောင်းသား/ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် အခမ်းအနားကိုဖွင့်လှစ်ခဲ့သည်။
အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြခွါညိုဦး က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပညာရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ (ကိုယ်စား) ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးနိုင် က အမှာစကားပြောကြားသည်။ ဆက်လက်ပြီး မြို့နယ်ပညာရေးမှူး ဆရာကြီး ဦးကြည်စိုးက ပညာရေးစုံညီပွဲတော်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ဆုရ ကျောင်းသား/ကျောင်းသူများကို ဆုများအသီးသီးချီးမြှင့်ခဲ့ကြပြီး (အ-ထ-က) ကျောင်းသား/ကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် သီဆိုဖျော်ဖြေကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
ကိုကိုမင်း(ပြန်/ဆက်)