ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ် ရပ်ကွက်/ကျေးရွာ (၃၂)ရပ်ကွက်ရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရေး အသိပေးကြေညာ

ဒဂုံမြို့သစ်(အရှေ့ပိုင်း) ဒီဇင်ဘာ   ၁၅

ရန်ကုန်တိုင်းဒေသကြီး၊  အရှေ့ပိုင်းခရိုင်၊  ဒဂုံမြို့သစ်( အရှေ့ပိုင်း) မြို့နယ် ပြည်သူများ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရခြင်းမှ ကာကွယ်နိုင်စေရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှထုတ်ပြန် ထားသော အမိန့်နှင့် ညွှန်ကြားချက်များအား  ဒဂုံမြို့သစ်( အရှေ့ပိုင်း) မြို့နယ်  ရပ်ကွက် /ကျေးရွာ (၃၂) ရပ်ကွက်ရှိ ပြည်သူများ သိရှိစေရန်  ယမန်နေ့က ရပ်ကွက်/ကျေးရွာ အလိုက် အုပ်ချုပ်ရေးအဖွဲ့များက အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

ထိုသို့ကြေညာရာတွင် မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့်  လက်အားမကြာခဏ စနစ်တကျဆေးကြောကြရန်၊ အတက်နိုင်ဆုံးအပြင်မထွက်ကြရန် မဖြစ်မနေ အပြင်သို့သွားလျှင် နှာခေါင်းစည်း (Mask)၊ မျက်နှာကာဗာ(Face shield)များစနစ်တကျတပ်ဆင်သွား လာကြရန်၊ ပြည်ပမှ ဝင်ရောက်လာသူများရှိပါက သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့ အချိန်နှင့် တပြေးညီ သတင်းပေးပို့ ကြရန်၊  စားသောက်ဆိုင်များအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက် ကြရန်နှင့်ဒေသန္တရ အမိန့်များကို မလိုက်နာပါက တည်ဆဲဥပဒေများဖြင့် အရေးယူခံရမည်ဖြစ်ကြောင်းကို ပြည်သူများသိရှိနိုင်ရန် လိုက်လံအသိပေးကြေညာခဲ့ကြောင်း သိရသည်။

ဝင်းထွဋ်ဝင်း(ပြန်/ဆက်)