စစ်ကိုင်းမြို့နယ်အတွင်းစိုက်ပျိုးရေးတောင်သူများသို့သီးနှံများထွက်နှုန်းကောင်းစေရန်နည်းပညာများ ဖြန့်ဝေပေး

စစ်ကိုင်း ဒီဇင်ဘာ ၁၅

 

စစ်ကိုင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန တဲကြီးမြို့မနည်းပညာပြန့်ပွားရေးစင်တာမှ တာဝန်ခံ များ နှင့် စိုက်ပညာရှင်ဝန်ထမ်းများသည် ယမန်နေ့၊ မွန်းလွဲပိုင်းက နယ်မြေအတွင်းရှိ ပဲကတိုး ကျေးရွာ တောင်သူ ဦးနိုင်ဦး၊ ဦးရွှေနီ ကွင်းအမှတ်(၇၂၉)ရှိ စပ်မျိုး(၁)နေကြာ စိုက်ခင်း ရိတ်သိမ်းရာတွင် လေလွင့်မှု မရှိစေ ရန် နည်းပညာများ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

ဆက်လက်၍ တောင်သူဦးပေါသန်း၏ ကုလားပဲရေဆင်း(၃) စိုက်ကွင်းသို့သွားရောက်၍ ပန်းပွင့် ချိန်တွင် ( ယူရီးယား+လက်ချား)သုံးစွဲရန်၊ ဓာတုပစ္စည်းသုံးစွဲမှုလျော့ချသုံးစွဲပေးရန်နှင့် သဘာဝပိုးသတ် ဆေးပြု လုပ် သုံးစွဲကြရန်တို့ကို ဆွေးနွေးပေးခဲ့ကာ တောင်သူဦးဆန်းဝင်း၏ ကွင်းအမှတ်(၈၂၂)တွင် မိုးစပါး ဆင်းသုခ ရိတ်သိမ်းအပြီး သီးထပ်အဖြစ် ဂျုံ(ဇလုတ်ဖြူ) စိုက်ပျိုးခြင်းသို့သွားရောက်ပြီး ဂျုံစိုက်ပျိုးစနစ် နည်းစနစ်မှန်ကန်ရေးနှင့် ကုန်ကျစရိတ် သက်သာသည့် သဘာဝမြေဩဇာ(EM -ဘိုကာရှီ) ပြုလုပ်သုံးစွဲ နည်းများကို နည်းပညာများ ဖြန့်ဝေပေးခဲ့ကြကြောင်းသိရသည်။

စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မိုးသီးနှံ၊ ဆောင်းသီးနှံစိုက်ပျိုး တောင်သူ များအား စိုက်ပျိုးရေးအခက်အခဲများရှိပါက သက်ဆိုင်ရာ နည်းပညာပြန့်ပွားရေး စင်တာ များနှင့် ချိတ်ဆက်၍ အချိန်နှင့်တစ်ပြေးညီ ဆွေးနွေးမေးမြန်းနိုင်ကြောင်းလည်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှသိရသည်။

ဇော်မြင့်နိုင်