သာကေတ ဒီဇင်ဘာ ၁၅
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလတွင် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ် အတွင်းရှိ Quarantine Center များ၌ ထားရှိသော ရောဂါပိုးတွေ့သူများ၊ ထိစပ်လူနာများ၊ အနံ့ပျောက်သူများနှင့် ကူညီ ဆောင်ရွက်ပေးလျက်ရှိကြသော Volunteer များစားသုံးရန်အတွက် ထမင်းဘူးများကို ယနေ့ နံနက်ပိုင်းက လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့ လှူဒါန်းရာတွင် သာကေတမြို့နယ်၊ ရှုခင်းသာအဆင်မြင့်တိုက်ခန်း၊ အမှတ် B-7 နေ အလှူ ရှင် ဦးသက်ထွန်းနိုင် ဇနီးဒေါ်ဖြူဖြူသင်း၊ သား မောင်ကောင်းစည်သူနှင့် မောင်မင်းခန့်စည်သူ မိသားစုမှ လူဦးရေ (၂၀၀)စာ ထမင်းကြော် (ကြက်/ဝက်)ထမင်းဘူးများ လာရောက်လှူဒါန်းခဲ့ရာ Quarantine Center မှ တာဝန်ရှိ သူများက လက်ခံရယူခဲ့သည်။ ထို့အပြင် သာကေတမြို့နယ် Quarantine Center များသို့ အလှူရှင်အသီးသီးမှ လိုအပ်သည်များကို နေ့စဉ်လာရောက် လှူဒါန်းလျက်ရှိကြောင်း သိရသည်။
ကိုဘုန်း(ပြန်/ဆက်)