မင်္ဂလာဒုံ ဒီဇင်ဘာ ၁၅
ရန်ကုန်မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ ဦးဆောင်၍ မင်္ဂလာဒုံမြို့နယ်ပြည်သူများ ကိုဗစ်-၁၉ရောဂါကာကွယ်ဖို့ အပြင်ထွက်တိုင်း နှာခေါင်းစည်းတပ်ရန်နှိုးဆော်ခြင်း နှာခေါင်းစည်းခုရေ တစ်သောင်းနှင့် Cap ဦးထုပ် (၂၀၀)ခု၊ Face Shield (၂၀၀)ခု၊ လက်သန့်ဆေးရည်ဗူးကြီး(၂၀)ဗူးနှင့်ဗူးသေး (၂၀၀)ဗူး တို့ကို လူစည်ကားရာ ဈေးများနှင့်ရပ်ကွက်တို့တွင် အခမဲ့ဖြန့်ဝေခြင်းတို့ကို ယနေ့နံနက်(၉)နာရီ က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆောင်ရွက်ရာတွင်မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဇော်လင်းနှင့် ကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့၊ ပရဟိတအဖွဲ့များက ဈေးများနှင့်လူဦးရေထူထပ်သည့် ရပ်ကွက်များ ဖြစ်သည့် ကုန်းတလပေါင်းကျေးရွာအုပ်စု၊ သင်္ဃန်းကျွန်းကြီးကျေးရွာအုပ်စု၊ ရွှေနံ့သာ ကျေးရွာ အုပ်စု၊ ပြန်လည်နေရာချထားရေးရပ်ကွက်၊ ပေါက်ကုန်းရပ်ကွက်၊ နွယ်ခွေကျေးရွာအုပ်စု၊ ပျဉ်းမပင် ကျေးရွာအုပ်စု၊ (၂/က)ရပ်ကွက်၊ ချစ်တီးကုန်းရပ်ကွက်တို့တွင် နှာခေါင်းစည်းခုရေ တစ်သောင်းနှင့် Cap ဦးထုပ်ခုရေ(၂၀၀)၊ Face Shield ခုရေ (၂၀၀)၊ လက်သန့်ဆေးရည် ဗူးကြီး (၂၀)ဗူးနှင့်ဗူးသေး(၂၀၀)ဗူး တို့ကိုအခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
မျိုးသန့်(ပြန်/ဆက်)