လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၌ စာရေးဆရာကြီး(၁၀)ဦးအား အခြေခံစားသုံးကုန်များနှင့် အလှူငွေများ ထောက်ပံ့လှူဒါန်း

လှိုင်သာယာ(အနောက်ပိုင်း) ဒီဇင်ဘာ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၌ စာရေးဆရာကြီး (၁၀)ဦးအား ကိုဗစ်−၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း မဝင့်ဝါလွင်နှင့် အလှူရှင် (၈)ဦးတို့မှ စုပေါင်းလှူဒါန်းသည့် အခြေခံ စားသုံးကုန်များနှင့် အလှူငွေများကို  ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်စာရေးဆရာ အသင်းရုံးတွင် အလှူရှင်များ ကိုယ်စား မြို့နယ်စာရေးဆရာ အသင်းဥက္ကဋ္ဌ စာရေးဆရာမ အိမ့်ခေတ်မှူးနှင့် စာရေးဆရာများက လှူဒါန်းသည်။

ထိုသို့ ပေးအပ်လှူဒါန်းရာတွင် မြို့နယ်အတွင်းရှိ စာရေးဆရာကြီး တစ်ဦးလျှင် ဆန်(၆)ပြည်၊ ဆီတစ်ပိဿာ(၁)ဘူး၊ ဆား(၁)ထုပ်၊ အချိုမှုန့်(၁)ထုပ်၊ ပဲ ၅၀ သား(၁)ထုပ်၊ ဆပ်ပြာမှုန့်(၂)ထုပ်၊ ကြက်ဥ(၁)ကတ်၊ ရွှေတောင်ခေါက်ဆွဲ(၁)ထုပ်၊ ငွေကျပ်(၃၀၀၀) စုစုပေါင်းငွေကျပ် (၂၀၀၀၀) ညီမျှသော အခြေခံစားသုံးကုန် (၈)မျိုးကို စာရေးဆရာကြီး(၁၀)ဦး အတွက် လှူဒါန်းပေးအပ် သည်။

အဆိုပါလှူဒါန်းပေးအပ်ရာတွင် မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ စာရေးဆရာမ အိမ့်ခေတ်မှူးမှ အဖွင့်မုဒိတာစကား ပြောကြားခဲ့ပြီးနောက် စာရေးဆရာကြီးများအား အခြေခံစားသုံးကုန်များ လှူဒါန်းကာ စာရေးဆရာကြီးများက ကျေးဇူးတင် ဆုတောင်းမေတ္တာများ ပို့သခဲ့ကြောင်း သိရ သည်။

မြသန္တာဝင်း(ပြန်/ဆက်)