ဒဂုံအရှေ့ ဇွန် ၂၅
ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ သွားနှင့် ခံတွင်း အထူးကုဆေးရုံ(သာကေတ)နှင့် အထူးကုဆေးရုံနှင့် တက္ကသိုလ်များဆေးရုံ(ရန်ကုန်)တို့မှ သွားရောဂါအထူးကုဆရာဝန်ကြီးများအဖွဲ့မှ "သွား" ရောဂါလူနာများအား ကွင်းဆင်းကုသပေးခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပြည်သူ့ဆေးရုံ၌ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆေးကုသပေးရာတွင် သွားရောဂါလူနာရှင်များ သွားရောဂါနှင့်ပတ်သက်၍ သက်သာပျောက်ကင်းစေရန်ရည်ရွယ်၍ သွားနှင့်ခံတွင်း အထူးကုဆေးရုံ(သာကေတ)နှင့် အထူးကုဆေးရုံနှင့် တက္ကသိုလ်များဆေးရုံ(ရန်ကုန်)တို့မှ ကျန်းမာရေးဆရာဝန်ကြီးများ၊ ဆေးမှူးများ၊ သူနာပြုများက ဆေးကုသရေးအထောက်အကူပြု ပစ္စည်းကိရိယာများဖြင့် စမ်းသပ်စစ်ဆေးကုသပေးခြင်းနှင့် သွားကျန်းမာရေးဆိုင်ရာများကို အသိပညာပေးဟောပြောသည်။
အဆိုပါ ဆေးကုသပေးနေမှုအခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်ဇော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ဆေးရုံအုပ် ဒေါက်တာသူရဇော်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာလဲ့လဲ့ဝင်း၊ ဒဂုံမြို့သစ်ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်အေးအေးမော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ငြိမ်းကြည်ရွှေနှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အေးမဉ္ဇူ