စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့တွင် ကိုဗစ်လူနာ (၂)ဦး ရောဂါ ပျောက်ကင်း ၍ဆေးရုံမှဆင်း

ဟုမ္မလင်း၊ ဒီဇင်ဘာ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်း ခုတင် (၁၀၀)ဆံ့ ပြည်သူ့ဆေးရုံ၊ သံဃာဆေး ကုသဆောင်၌ ဆေးကုသမှုခံယူခဲ့သောကိုဗစ်လူနာ အသက်(၉)နှစ်နှင့် အသက်(၂၅)နှစ်၊ (၂)ဦး ယနေ့နံနက် (၁၀)နာရီတွင် ဆေးရုံမှ ဆင်းခဲ့ကြောင်းသိရသည်။

အဆိုပါပိုးတွေ့လူနာသည် ဒီဇင်ဘာ (၂)ရက်နေ့တွင် လေရှီးမြို့နယ်၊ ဆမ္မရာမြို့ မှ ဟုမ္မလင်းမြို့ ခုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံတွင် ဆေးကုသ ရန်ရောက်ရှိခဲ့ရာ ဒီဇင်ဘာ (၄)ရက်နေ့တွင် ပိုးတွေ့ရှိပြီး ယခုအခါ သက်သာပျောက်ကင်းပြီးဖြစ်၍ ဆင်းရုံမှ ဆင်းခြင်းကြောင်း သိရသည်။

ဟုမ္မလင်းမြို့နယ်တွင် ကွာရတင်းစင်တာတွင် (၈၄)ဦး၊ ထမံသီစံပြကျေးရွာမှ (၁၂)ဦး၊ နမ့်တောစံပြကျေးရွာ တွင်(၇)ဦး၊ နောင်ပိုအောင်ကျေးရွာ (၁၇)ဦး၊ ရွှေပြည်အေး မြို့တွင်(၄) ဦး စုစုပေါင်းကွာရတင်းဝင်ရောက်နေသူ (၁၂၄)ဦးရှိကြောင်းသိရသည်။

လင်းလင်း(ပြန်/ဆက်)