စစ်ကိုင်းတိုင်းဒေသကြီးကလေးမြို့တွင်ကိုဗစ်-၁၉ကပ်ရောဂါကူးစက်ခံရသည့်အတည်ပြုလူနာ(၁၃)ဦး ကျန်းမာရေး ကောင်းမွန်သဖြင့်ဆေးရုံဆင်း

ကလေး ဒီဇင်ဘာ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ကလေးမြို့ တိုင်းရင်းဆေးရုံ၊ ပြည်သူ့အဌားအိမ်ယာ အိတ်စွပ်တွင် ဆေး ကုသမှု ခံယူနေသည့် ကိုဗစ်-၁၉ကပ် ရောဂါကူးစက်ခံရသည့်အတည်ပြုလူနာ(၁၃)ဦးတို့သည် ကျန်းမာရေး သတ်မှတ် ချက်များနှင့်အညီ ကျန်းမာရေး ကောင်းမွန်သောကြောင့် ယမန်နေ့ နံနက်ပိုင်းက ဆေးရုံမှ ဆင်းခွင့်ပြု လိုက်ပြီဖြစ်ကြောင်းသိရသည်။

အဆိုပါအတည်ပြုနာ(၁၃)ဦးတို့မှာ ကလေးမြို့ အောင်မင်္ဂလာရပ်ကွက်နေ အမျိုးသား (၄)ဦးနှင့် အမျိုးသမီး(၂)ဦး၊ အောင်သစ္စာရပ်ကွက်နေအမျိုးသား(၃)ဦး၊ အမျိုးသမီး(၁)ဦး၊ မြို့သာရပ်ကွက်နေ အမျိုးသား(၁)ဦး၊ တာဟန်းရပ်ကွက်နေအမျိုးသမီး(၁)ဦး၊ ခုံတိုးမြို့သာကျေးရွာနေ အမျိုးသမီး (၁)ဦးတို့ ဖြစ်ကြပြီးသက်ဆိုင်ရာတာဝန်ရှိသူများက ဆေးရုံဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြပြီး ဆေးရုံဆင်းပြီး နောက် လိုက်နာဆောင်ရွက် ရမည့်အချက်များနှင့်ပတ်သက်၍ တိကျလိုက်နာစေရန် မှာကြားခဲ့ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင်ကိုဗစ်-၁၉ကပ်ရောဂါကူးစက်ခံရသည့် အတည်ပြုလူနာ (၄၆)ဦး ကျန်ရှိနေပြီး တိုင်းရင်းဆေးရုံနှင့် ပြည်သူ့အဌားအိမ်ယာအိတ်စွပ်တွင် ဆေးကုသမှုခံယူ စေလျက် ရှိကြောင်းသိရသည်။

ထန်းဖုန်(ပြန်/ဆက်)