ပန်းဘဲတန်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သားအိမ်ခေါင်း ကာကွယ်ဆေး (HPV) ကာကွယ် ဆေး ရပ်ကွက်များအတွင်း ထိုးနှံပေး

ပန်းဘဲတန်း ဒီဇင်ဘာ ၁၅

ပန်းဘဲတန်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သားအိမ်ခေါင်းကာကွယ်ဆေး (HPV) ကာကွယ်ဆေး အား အမှတ်(၁၀)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့ နံနက်ပိုင်းမှ စတင်ပြီး လာရောက်ထိုးနှံ ပေးကြောင်း သိရှိရသည်။

သားအိမ်ခေါင်းကာကွယ်ဆေး(HPV)သည် အသက်(၉)နှစ်မှ (၁၀)နှစ် အရွယ် အမျိုးသမီးငယ် များကို ထိုးနှံပေးခြင်းဖြစ်ပြီး HPV ကာကွယ်ဆေးသည် ကင်ဆာရောဂါကို ကာကွယ်နိုင်သော ဆေးတစ်မျိုးဖြစ် သည့်အတွက်  ဒီ‌ဇင်ဘာလ (၂)ရက်နေ့မှ စတင်ပြီး မြို့နယ်ကျန်းမာရေးဦးစီး ဌာနတွင် စတင်ထိုးနှံပေး ခြင်းဖြစ်သော်လည်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ထိုးနှံပေးခြင်းကြောင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနသို့ မလာရောက်နိုင်သော အမျိုးသမီးငယ်များ အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးများတွင် လာရောက်ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရှိရသည်။

ပန်းဘဲတန်းမြို့နယ် အမှတ်(၁၀)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် သားအိမ်ခေါင်းကာကွယ်ဆေး (HPV) လာရောက်ထိုးနှံပေးမည်ဖြစ်ကြောင်း ရပ်ကွက်အတွင်း နှိုးဆော်ပေးခြင်းများ ဆောင်ရွက်ခဲ့ ပြီး၊ အမှတ်(၇)ရပ်ကွက်မှ အမျိုးသမီးငယ်များပါ ထိုးနှံရန် ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဖုန်းမော်ထံမှ သိရှိရသည်။

နေခြည် (ပြန်/ဆက်)