မကွေးတိုင်းဒေသကြီး ဆောမြို့နယ်တွင် Sodium Cyclamate သတ်မှတ်ပမာဏ ကျော်လွန် နေသောအစားအသောက်များ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ဆော ဒီဇင်ဘာ ၁၅

မကွေးတိုင်းဒေသကြီး၊ဆောမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ စည်ပင်သာယာရေးနယ်နိမိတ် အတွင်းရှိ မြို့ပေါ်ရပ်ကွက်များတွင် ဖွင့်လှစ်ရောင်းချနေသော ကုန်စုံဆိုင်များ၌ Sodium Cyclamate သတ်မှတ်ပမာဏကျော်လွန်နေသောအစားအသောက်များ စျေးကွက်အတွင်း ရောင်းချခြင်းရှိ/မရှိကို ဒီဇင်ဘာ ၁၅ ရက် နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ထိုသို့စစ်ဆေးရာတွင် မကွေးတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွက်ကဲရေး ဦးစီးဌာန၏ စစ်ဆေးတွေ့ရှိချက်အရ Sodium Cyclamate သတ်မှတ်ပမာဏကျော်လွန် နေသော အစားအသောက် (၁၉)မျိုးနှင့် ခွင့်မပြုဆိုးဆေး Sudan ၊၊၊ ပါဝင်နေသော အစားသောက်(၁)မျိုး တို့အား စျေးကွက်အတွင်းရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး ခြင်းကို မြို့မစျေးနှင့် စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များတွင် ဖွင့်လှစ်ရောင်းချနေသော ကုန်ဆုံဆိုင်(၂၇)ဆိုင်တို့၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမြင့်နိုင်နှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဇော်မျိုးသန့်(ဆော)