စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင် ဟုမ္မလင်းမြို့၊ မြို့ဈေးတွင် စားသုံးရန် မသင့်သည့် သက်တမ်းလွန် အစားအသောက်ကုန် ပစ္စည်းများ ရောင်းချခြင်းရှိ/မရှိကွင်းဆင်းစစ်ဆေး

ဟုမ္မလင်း ဒီဇင်ဘာ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့၊မြို့မဈေးအတွင်းစားသုံးရန်မသင့်သည့် သက်တမ်းလွန် အစားအသောက်ပစ္စည်းများ ရောင်းချခြင်းရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့ နံနက် (၉)နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်းသိရသညိ။

ထိုသို့ကွင်းဆင်းဆောင်ရွက်တွင် ဟုမ္မလင်းမြို့နယ်စားသုံးသူရေးရာ တာဝန်ခံ ဒေါ်ခင်စန်းဝင်း၊ မြို့နယ်စည်ပင်မှ ဒုတိယဦးစီးမှူး ဒေါ်နုငယ်နှင့်စည်ပင်ဝန်ထမ်းများ၊ မြို့နယ်ပြန်/ဆက် ဦးစီးဌာန၊ သက်ဆိုင်ရာတာဝန်ရှိ ဌာနဆိုင်ရာများက ပူးပေါင်း၍ မြို့မဈေးအတွင်းကွင်းဆင်း စစ်ဆေးရာတွင် ဈေးဆိုင်ပေါင်း (၁၀)ခန်းအားစစ်ဆေးရာတွင် ဟင်း ချိုမှုန့်၊ မုန့်များ၊ ကိတ်မုန့်များနှင့်ဂျယ်လီ ကုန်းပစ္စည်းများစစ်ဆေးခဲ့ ရာ မုန့်များမှာ Date မပါရှိခြင်းနှင့် ဂျယ်လီမှာသက်တမ်းကုန်လွန် နေကြောင်းစစ်ဆေးတွေ့ရှိခဲ့သည်။

အလာတူဈေးရောင်းချလျက်ရှိသော၊ ဈေးသူ/ ဈေးသားများကို သတ်မှတ်နေရာ များတွင် ရောင်းချကြရန်၊ mask တပ်ကြရန်၊ အပူတိုင်တားခြင်း ဆောင်ရွက်ပေးခြင်းနှင့် ကျန်းမာရေး နှင့် ညီညွှတ်မှု ရှိမရှိ ကုန်ပစ္စည်းများ တွင် ကုန်ညွှန်းအမှတ်တံဆိပ်စာသား ပါ/မပါ စစ်ဆေးခြင်းများ၊ အသိပညာပေးခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

လင်းလင်း(ပြန်/ဆက်)