လှိုင် ဒီဇင်ဘာ ၁၅
ရန်ကုန်အနောက်ပိုင်းခရိုင်၊လှိုင်မြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားမိသားစု စာရင်း ပိုမိုပြည့်စုံမှန်ကန်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပညာရေးဦးစီး ဌာန၊လူဝင်မှူကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖ များပါဝင်သောစစ်ဆေးရေးအဖွဲ့များကယမန်နေ့ နံနက်(၉)နာရီကစ၍ ရပ်ကွက်များ အတွင်း အိမ်တိုင်ရာရောက်ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်ခဲ့ ကြကြောင်းသိရှိရသည်။
လှိုင်မြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသောအ ခြေခံလူတန်းစား မိသားစုစာရင်းကို မြို့နယ်စိစစ်ရေး အဖွဲ့ကပြန်လည်စစ်ဆေးပြီး ရပ်ကွက်အတွင်း နေထိုင်သောပြည်သူများပွင့်လင်းမြင်သာစွာသိရှိ စေရန်နှင့် မြေပြင်ရှိ ပကတိလက်တွေ့အခြေအနေ များကိုသိမြင်နိုင်ရန်အတွက် ရပ်ကွက်များ အတွင်းသို့ မြို့နယ်စိစစ်ရေးအဖွဲ့များကကွင်းဆင်းစစ်ဆေး ခဲ့ကြခြင်းဖြစ်သည်။
အဆိုပါမြို့နယ်စိစစ်ရေးအဖွဲ့ဝင်များက မြေပြင်တွင် အိမ်တိုင်ရာရောက် ကွင်းဆင်းစစ်ဆေး၍ အချက်အလက် မှန်ကန်သော အိမ်ထောင်စုများအားလွှတ်တော်ကိုယ်စားလှယ်များ၊မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အတွင်းရှိဌာနဆိုင်ရာ များသို့ပြန်လည်တင်ပြ စစ်ဆေးပေး သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။
ကြည်ဇေသော် (ပြန်/ဆက်)