ကွမ်းခြံကုန်း ဒီဇင်ဘာ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း စားသောက်ရေးအခက်အခဲရှိသော လက်လုပ်လက်စား အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ အခြေခံ စားသောက်ကုန် ပစ္စည်းများနှင့် နှာခေါင်းစည်း (mask)တို့ကိုယမန်နေ့က သွားရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။
ယင်းသို့လှူဒါန်းရာတွင် မြို့ပေါ်ရပ်ကွက်များနှင့် လက်ခုပ်ကုန်းကျေးရွာ၊ မြိုင်သာယာကျေးရွာ၊ ဆိပ်ကြီးကျေးရွာအုပ်စု ဘီးလင်းကျေးရွာ၊ မရမ်းကျေးရွာ၊ အင်းကွတ်ကျေးရွာ၊ ကျိုက်ပတ် ကျေးရွာ၊ ဝါးတောကျေးရွာများရှိ အမှန်တကယ်ဆင်းရဲနွမ်းပါးသော လက်လုပ်လက်စား အခြေခံလူတန်းစားအိမ်ထောင်စု (၃၀၇) စု အတွက် တစ်အိမ်ထောင်လျှင် ဆန်(၈)ပြည် ၊ ဆီ တစ်လီတာ (၁)ဘူး၊ ငါးသေတ္တာ(၂) ဘူး ၊ နှာခေါင်းစည်း (mask)(၁၀)ခုတို့ကို အိမ်တိုင်ရာရောက် သွားရောက်လှူဒါန်းခဲ့ရာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် များ နှင့်အတူ (We Love Kungyangon) ပရဟိတအဖွဲ့မှကူညီလှူဒါန်းပေးခဲ့ကြောင်းသိရသည်။
ထွန်းထွန်းစိုး(ကွမ်းခြံကုန်း)