ကောလင်း ဒီဇင်ဘာ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါရှာဖွေရာတွင် လွယ်ကူစေရေး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ RDT test kit များ ဝယ်ယူရန် အလှူငွေများ ယမန်နေ့က လာရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။
ထို့သို့လှူဒါန်းရာတွင် ဦးလှဦး+ဒေါ်ပေါတင် မိသားစုမှ ၄၅၀၀၀၀ကျပ်၊ဦးဖိုးစီ+ဒေါ်အေးကြည် မိသားစုမှ ၃၀၀၀၀၀ကျပ်၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကောလင်းမြို့နယ်မှ ၃၀၀၀၀၀ကျပ်၊ဦးအောင်သန်းဦး+ဒေါ်တင်စိန်မိသားစုမှ ၁၀၀၀၀၀ကျပ်တို့ကို လှူဒါန်းခဲ့ရာ မြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးရဲမြတ်သိန်းနှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီများက လက်ခံရယူခဲ့ကြောင်းသိရသည်။
မြင့်ထွန်းမင်း(ကောလင်း)