စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့တွင် မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး ဖွင့်ပွဲပြုလုပ်

ရေဦး ဒီဇင်ဘာ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့တွင် မြို့နယ်ရွေးကောက်ပွဲ  ကော်မရှင်အဖွဲ့ခွဲရုံး  ရုံးဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီ အအဆိုပါရုံးတွင် ပြုလုပ်ခဲ့သည်။ဖွင့်ပွဲတွင် မြို့နယ် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးခင်‌မောင်မြင့်၊  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာမြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်ဦးနှင့် မြို့နယ်စီမံခန့်ခွဲမှု‌ ကော်မတီအဖွဲ့၀င်များ ရပ်ကျေးအုပ်ချုပ်ရေးမှုးနှင့် စာရေး ၀န်ထမ်းများ၊ ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြသည်။

 

ကော်မရှင်အဖွဲ့ခွဲရုံးသစ်သည် ပြည်ထောင်စု ဘတ်ဂျက်ခွင့်ပြုငွေ(၄၉.၂) သန်းဖြင့် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၅ ရက်က စတင်ဆောက်လုပ်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၃၀ရက်တွင် ဆောက်လုပ်ပြီးစီးခဲ့ပြီး အလျား (၄၈)ပေ၊ အနံ (၃၆)ပေ နှင့် အမြင့် (၁၂) ပေ ရှိသော RC တစ်ထပ်  အဆောက်အဦ  ဖြစ်ကြောင်း သိရသည်။ရုံးသစ်ဖွင့်ပွဲသို့         မြို့နယ် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးခင်‌မောင်မြင့်၊  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာမြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်ဦးနှင့် မြို့နယ် စီမံခန့်ခွဲမှု‌ ကော်မတီအဖွဲ့၀င်များ၊ ဌာနဆိုင်ရာ အကြီးအကဲများရပ် ကျေးအုပ်ချုပ် ရေးမှုးနှင့် စာရေး ၀န်ထမ်းများ၊  တက်ရောက်ခဲ့ပြီး လူစုလူဝေးမဖြစ်စေရေးအတွက်  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏  လမ်းညွှန်ချက်များနှင့်အညီ  စီစဉ်ကျင်းပခဲ့ကြောင်းသိရသည်။

သန်းသန်း(ပြန်/ဆက်)