ကျောက်ထု ဒီဇင်ဘာ ၁၅
မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ကျောက်ထုမြို့ဒေသတွင် ယောချောင်း၊ ချီချောင်း၊ ကြီးချောင်း၊ ပင်တောင်ချောင်းများ ဖြတ်သန်းစီးဆင်းလျှက်ရှိရာ ယခုအချိန်အခါ၌ ချောင်းရေများလျှောနည်း နေချိန်ဖြစ် သည့်အတွက် ချောင်းများ၏ တစ်ဘက်တစ်ချက် နေရာများတွင် နူန်းတင်မြေနုများ ပေါ်ထွန်းလျက်ရှိရာ အဆိုပါ မြေလွတ်မြေရိုင်းများဖော်ထုတ်ပြီး ဟင်းသီးဟင်းရွက်နှင့်သီးနှံများ စိုက်ပျိုးရန် ပြင်ဆင်ဆောင်ရွက် နေပြီဖြစ်သည်။
အဆိုပါမြေလွတ်မြေရိုင်းများအား ဖော်ထုတ်ရာတွင် ယခင်က လူငှားဖြင့် ဆောင်ရွက်ကြသော်လည်း ယခုအခါတွင် ထွန်စက်နှင့်မြေညှိစက်များအား ဌားရမ်း ဆောင်ရွက်ကြသည်။ စက်ဌားရမ်းခအတွက် တစ်နာရီငွေကျပ် (၂၀၀၀၀) နူန်းပေးရသော်လည်း တွင်ကျယ်မှုလျင်မြန်ကြောင်း တောင်သူတစ်ဦးက ပြောသည်။ ထိုသို့ မြေညှိပြီးသော မြေများတွင် တောင်သူများသည် နွားချေးနှင့် သဘာဝမြေဩဇာများ ထည့်သွင်း၍ မြေပြင်ဆောင်ရွက်ကြလျက်ရှိသည်။
ထိုသို့ဖော်ထုတ်ပြီးသောမြေကွက်များတွင် ကြက်သွန်နီ၊ မေမြို့ပန်း၊ မုန့်ညှင်း၊ ခရမ်းနှင့် ငရုတ်သီးနှံများ စိုက်ပျိုးကြမည်ဖြစ်သည်။ ထွက်ရှိလာသောသီးနှံများအား ကျောက်ထုမြို့ဈေးကွက် အပြင် ချင်းပြည်နယ် မင်းတပ်မြို့နှင့် မတူပီမြို့များသို့ ပါတင်ပို့ရောင်းချမည်ဖြစ်ကြောင်း သိရှိရသည်။
မောဟေမာန်(ပြန်/ဆက်)