စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်အားကစားနှင့်ကာယပညာ ဦးစီး ဌာန မှ MaskCampaign ပြုလုပ်

ဟုမ္မလင်း၊ ဒီဇင်ဘာ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်အားကစား နှင့်ကာယပညာ ဦးစီးဌာနမှ Mask Campaign အသိပညာပေး ဆောင်ရွက်ခြင်းကို ဒီဇင်ဘာ(၁၅) ရက်နေ့နံနက်ပိုင်းက ဟုမ္မလင်းမြို့ မြို့မဈေးရှေ့၊ကမ်းနားလမ်း၊ ဗိုလ်ချုပ်ကြေးရုပ် လမ်းဆုံ တို့၌ ပြုလုပ် ခဲ့ကြကြောင်းသိရသည်။

အဆိုပါအသိပညာပေးဆောင်ရွက်ရာတွင် ဟုမ္မလင်းမြို့နယ်အား ကစားနှင့်ကာယပညာ နည်းစနစ်မှူး ဦးမင်းမင်းနိုင်၊ ရပ်ကွက်လူငယ်များ၊ ကျောင်းသား၊ ကျောင်းသူများ နှင့်စုပေါင်း၍ ဈေးရောင်း၊ ဈေးဝယ်၊ လမ်းသွား၊ လမ်းလားသူများကို  Mask Capaign (၁၃၀၀၀) ကျော်ဝေငှခြင်း၊  အကသီချင်းများဖြင့် ဖျော်ဖြေတင်ဆက် ခဲ့ကြကြောင်း သိရသည်။

   လင်းလင်း(ပြန်/ဆက်)