ချောင်းဆုံ ဒီဇင်ဘာ ၁၅
မော်လမြိုင်ခရိုင် ချောင်းဆုံမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ဆောင်းသီးနှံ စိုက်ပျိုးစရိတ် ချေးငွေများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် လမ်းညွှန်ချက်နှင့်အညီ ကညှော် ကျေးရွာရှိ ပဲစိုက်တောင်သူများအား ဒီဇင်ဘာ(၁၅)ရက် နံနက်(၁၁)နာရီက စိုက်ပျိုးစရိတ်ချေးငွေ များကို မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတွင် ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။
ကညှော်ကျေးရွာတွင် ပဲစိုက်တောင်သူ(၁၇၃)ဦးရှိပြီး ပဲစိုက်ဧကမှာ(၉၁၂)ဧကရှိကြောင်း၊ ချေး ငွေ ထုတ်ချေးပေးရာတွင် လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် ဒီဇင်ဘာ(၁၅၊၁၆) ရက်(၂) ရက်ခွဲကာထုတ်ချေး ပေးသွားမည်ဖြစ်ကြောင်း၊ ယနေ့ထုတ်ချေးပေးသည့်တောင်သူဦးရေမှာ (၉၀)ဦးရှိပြီး ပဲစိုက်ဧကအားဖြင့် (၄၄၉)ဧကအတွက် ထုတ်ချေးပေးသည့်ငွေပေါင်းမှာ ကျပ်(၄၄၉)သိန်းထုတ်ချေးပေးပြီး ကျန်ရှိသည့် တောင်သူဦးရေ(၈၃)ဦးအား ဒီဇင်ဘာ(၁၆) ရက်နေ့တွင် ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ချောင်းဆုံမြို့နယ် မြန့်မာ လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲမှသိရသည်။
မြို့နယ်(ပြန်/ဆက်)