ကမာရွတ် ဒီဇင်ဘာ ၁၅
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ လိုအပ်သည့်နေရာ များတွင် အသုံးပြုနိုင်ရန်အတွက် အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ (ရန်ကုန်)မှ အလှူငွေ(နှစ်သိန်းငါး သောင်းတိတိ) ကို အ.မ.က(၂)ကျောင်း Kamayut Township Anosmia Center အသွားအလာကန့် သတ်စောင့်ကြည့်နေရာသို့ လာရောက်လှူဒါန်းခဲ့သည်။ အလားတူ ကိုဗစ်-၁၉ ရောဂါကာကွယ် တိုက်ဖျက်ရေးအတွက် Myint & Associates Co:Ltd မှ အလှူငွေ (ကျပ်တစ်ဆယ်သိန်းတိတိ)နှင့် ရေသန့်(၂၀၀)ကတ်၊ စေတနာရှင် ၇ ရက်သားသမီးများမှလည်း ရေသန့်(၄၀၀)ကတ်တို့ကို ယနေ့ နံနက်ပိုင်းက လာရောက်လှူဒါန်းခဲ့ကြသည်။
အဆိုပါလှူဒါန်းမှုအား မြို့နယ်ကိုဗစ်ကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော်ဉီးနှင့် တာဝန်ရှိသူများက လက်ခံ ရယူခဲ့ကြပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
စိမ်းလဲ့(ပြန်/ဆက်)