စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့၌ ချင်းပြည်နယ်၊တီးတိန်မြို့နယ်အတွင်း ကိုဗစ်-၁၉ ကပ် ရောဂါ ကာကွယ်ရေးလုပ်ငန်းတွင် အသုံးပြုနိုင်ရန် အတွက်ကာကွယ်ရေးသုံးပစ္စည်းများလှူဒါန်း

ကလေး၊ ဒီဇင်ဘာ ၁၅

ကလေးမြို့တွင် ချင်းပြည်နယ်၊တီးတိန်မြို့နယ်အတွင်းကိုဗစ်-၁၉ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် ကိုဗစ်-၁၉ကွယ်ရေးသုံးပစ္စည်းများကို ချူးရင့် အထွေထွေ ရောင်းဝယ် ရေးနှင့် ထွန်းဂရုကုန်စည်ထောက်ပံ့ရေးနှင့်သယ်ယူပို့ဆောင်ရေးမှ ယနေ့ မွန်းလွှဲပိုင်းက ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ အစည်းအဝေး ခန်းမတွင် လှူဒါန်းခဲ့ ကြောင်းသိရသည်။

ထိုသို့လာရောက်လှူဒါန်းရာတွင် PPEဝတ်စုံ အခု(၂၀၀)၊ Face Shield အခု(၂၀၀၀)၊ နှာခေါင်းစည်း MASK KN - 95(၁၀၀၀) ၊ လက်သန့်ဆေးရည် (100 ML) ၂၅၀ဘူး၊လူတိုင်းမက်(စ်)MASK တပ်ဖို့မိမိကိုယ်တိုင်ပါဝင်စို့ အသိပေးပိုစတာများကို ပေးအပ်ရာ တွီးဆောက်ကျေးလက်ကျန်းမာရေး ဌာနခွဲမှ ဦးမောရှေနှင့် ခိုင်ကမ်းကျေးလက် ကျန်းမာရေး ဌာနခွဲမှ သားဖွားဆရာမ ဒေါ်လန့်ငိုက်ဟွဲတို့က လက်ခံရယူခဲ့ကြသည်။

ထန်းဖုန်(ပြန်/ဆက်)