ပေါက်ခေါင်းမြို့နယ်ရှိ Quarantine Centre များ၌ အသွားအလာ ကန့်သတ်ထားသူများ၏ Swab နမူနာများ ရယူပေးပို့ရာ ရောဂါပိုးမတွေ့ရှိ

ပေါက်ခေါင်း ဒီဇင်ဘာ ၁၅

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် မြို့နယ်ကုသရေး  Swab Team အဖွဲ့မှ Facility Quarantine Centre များတွင် ၁၄ ရက်ကြာ အသွားအလာကန့်သတ်ထားသော ပြည်ပနိုင်ငံများနှင့် အခြားတိုင်းဒေသကြီး ပြည်နယ်အသီးသီးမှ ပြန်လာသောသူ (၁၈)ဦးအား ယမန်နေ့က ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိကို RDT ဖြင့် ပေးပို့စစ်ဆေးရာ စစ်ဆေးသူအားလုံးတွင် ကိုဗစ်-၁၉ ရောဂါပိုးမရှိ All Negative ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ယနေ့ ဒီဇင်ဘာလ ၁၅ ရက်နေ့ လက်ရှိအချိန်အထိ ပေါက်ခေါင်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ (၁)ဦးသာ ရှိပြီး အဆိုပါလူနာကို မြို့နယ်ပြည်သူ့ဆေးရုံ သီးခြားဆေးကုသဆောင်တွင် ကုသပေးလျက်ရှိကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)