ပန်းတောင်း ဒီဇင်ဘာ ၁၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ထုံးဘိုစျေး၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ် နိုင်ရန်အတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ နှာခေါင်းစည်း မတပ်ဆင်ထားသူများအား နှာခေါင်းစည်း Mask များ တပ်ဆင်သွားလာရေး လှုပ်ရှားမှု Mask Campaign ကို ယမန်နေ့ နံနက်ပိုင်းက ထုံးဘိုစျေးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ Mask Campaign ဆောင်ရွက်ရာတွင် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ စျေးရောင်း၊ စျေးဝယ်ပြည်သူများနှင့် ဖြတ်သန်း သွားလာနေကြသူ ပြည်သူများအား နှာခေါင်းစည်း Mask များ၊ Face Shield များကို အခမဲ့ ဖြန့်ဝေဆောင်ရွက်ခြင်း၊ တပ်ဆင်ထားသည့် နှာခေါင်းစည်း ဟောင်းနွမ်းနေပါကလည်း အသစ်လဲလှယ် တပ်ဆင်စေခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး နေအိမ်ပြင်ပထွက်ခွာသွားလာရာ တွင် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်သွားလာစေရေး၊ Hand Speaker ဖြင့် အသိပညာပေး ဆောင်ရွက်ခဲ့ပြီး Mask များ၊ Face Shield များအား အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
သင်းသင်းအေး (ပြန်/ဆက်)