ရွှေတောင် ဒီဇင်ဘာ ၁၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးအေးကျော်ဦးဆောင်၍ ခရိုင်အဆင့် စခန်း စစ်ဆေးရေးအဖွဲ့ သည် ယမန်နေ့ ၁၂ နာရီခွဲအချိန်က ရွှေတောင်မြို့နယ် မီးသတ်ဦးစီးမှူး ရုံး/စခန်း/ နယ်မြေမီးသတ် စခန်းများရှိ တပ်ဖွဲ့ဝင်များအား စစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် ရွှေတောင်မြို့နယ် မီးသတ်ဦးစီးမှူးရုံး၊ စခန်း၊ နယ်မြေမီးသတ်စခန်းများရှိ တပ်ဖွဲ့ဝင်များအား ဝတ်စားဆင်ယင်မှု စစ်ဆေးပြီးနောက် မီးသတ်ယာဉ်/စက်များအား စစ်ဆေးခြင်း၊ မီးသတ်ကျင့်ဝတ်စည်းကမ်း၊ ဥပဒေ၊ နည်းဥပဒေများနှင့် မြန်(၃)မြန်၊ သင့်(၄)သင့် လုပ်ငန်းခွင် ဝင်ရောက် ရန် အမြဲအသင့်ဖြစ်စေရေးအတွက် စွမ်းရည်(၄)ရပ် ထက်မြက်ရေး လုပ်ငန်းများအား စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရှိရသည်။
ကိုကိုမင်း(ပြန်/ဆက်)