ဆင်ပေါင်ဝဲမြို့နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း မြို့နယ်လျှပ်စစ်ရုံးတွင် မီးဘေးလုံခြုံရေး အသိပညာပေးခြင်း နှင့် သရုပ်ပြဇာတ်တိုက်လေ့ကျင့်

ဆင်ပေါင်ဝဲ မတ် ၂၀

မကွေးတိုင်းဒေသကြီး ၊ သရက်ခရိုင် ၊  ဆင်ပေါင်ဝဲမြို့နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း မြို့နယ်လျှပ်စစ်ရုံးတွင် မီးဘေးလုံခြုံရေး အသိပညာပေးခြင်းနှင့် သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များက မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြခြင်းကို ယမန်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့သည်။

မီးဘေးကြိုတင်ကာကွယ်ရေးအတွက်  မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန်းဌေးအောင်က မီးဘေးလုံခြုံရေး သတိရှိရန်နှင့် မီးငြှိမ်းသတ်နည်းစနစ်များ ၊ မီးလောင်မှုဖြစ်ပွားချိန်တွင် မီးသတ်ဆေးဘူးဖြင့် ငြှိမ်းသတ်နည်းတို့ကို အသိပညာပေး ဆွေးနွေးပြောကြားပြီး လက်တွေ့သရုပ်ပြလေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခန့်ဝင်း(ပြန်/ဆက်)