နတ်မောက် ဒီဇင်ဘာ ၁၆
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံအတွင်း လွတ်လပ်ရေး အထိမ်းအမှတ် အနေဖြင့် လွတ်လပ်ရေးကျောက်တိုင်တည်ဆောက်နေမှုအခြေအနေအား ယမန်နေ့ ညနေ(၄)နာရီအချိန်ခန့်က ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံအတွင်း လွတ်လပ်ရေးကျောက်တိုင် တည်ဆောက်နေမှု အခြေအနေအား မကွေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးနိုင် ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမော်နှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု စစ်ဆေးရာ တွင် လုပ်ငန်းခွင်တာဝန်ခံအင်ဂျင်နီယာ ဦးကျော်သူနိုင် ( ဦးစီးအရာရှိ ) အဆောက်အဦအထူးအဖွဲ့ (၅ ) ၊ အဆောက်အဦ ဦးစီးဌာနမှ လုပ်ငန်းဆောင်ရွက်မှုအခြေအနေနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး အဆိုပါလွတ်လပ် ရေးကျောက်တိုင်၏ အတိုင်းအတာမှာ ( အချင်း ၅ပေ ၆လက်မ ၊ အမြင့် ၅၄ ပေ ) ဖြစ်ပြီး ကုန်ကျငွေမှာ (၄၂.၃၀၄ ) သန်းကုန်ကြမည်ဖြစ်ကြောင်း သိရသည်။
လှဝင်း ( နတ်မောက်)