ခရမ်း ဒီဇင်ဘာ ၁၆
ရန်ကုန်တောင်ပိုင်းခရိုင် ၊ ခရမ်းမြို့နယ် ၊ အေးရွာအုပ်စုကျေးရွာတွင်ဆောင်ရွက်ပြီးစီးသည့်ကျေးရွာ မီးလင်းရေး ဆောင်ရွက်နေမှုနှင့်ကျေးလက်လမ်းဦးစီးဌာနမှ တည်ဆောက်နေသည့် Box Culvert အား မြို့နယ်လွှတ်တော် ကိုယ်စားလှယ်နှင့် ဌာနတာဝန်ရှိသူများက ယမန်နေ့ နေလယ်ကကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အဆိုပါ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာသို့ ခရမ်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှတိုး၊ ခရမ်းမြို့နယ် လျှပ်စစ်မန်နေဂျာ ဦးစိုးနိုင်ဦး၊ မြို့နယ် လမ်းဦးစီးဌာန SAE ဦးအေးမျိုးထွန်းနှင့် မြို့နယ်တာဝန်ရှိ သူများက ကွင်းဆင်း၍ အေးရွာကျေးရွာအုပ်စုတွင် ကျေးရွာမီးလင်းရေး အတွက်ဆောင်ရွက်ပြီးစီးနေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး၍ မီးလင်းရေးအတွက် ထပ်မံဖြည့်ဆည်းဆောင် ရွက်ပေးရမည့် အခြေအနေများအား ဒေသခံပြည်များနှင့် တွေ့ဆုံဆွေးနွေး၍ လိုအပ်ချက်များကို ကျေးရွာအုပ်ချုပ်ရေးမှူးနင့် ကျေးရွာမီးလင်း ရေးကော်မတီဝင်များနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး ခရမ်းမြို့နယ် ကျေးလက်လမ်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိ သည့် ကျုံတူး/ပိန်းကန်ဆက် သွယ်ရေးလမ်းပေါ်ရှိ Box Culvert တည် ဆောက်နေမှုအားကြည့်ရှုစစ်ဆေး၍ လုပ်ငန်းများအချိန်မှီပြီးစီးရေး စံချိန်စံညွှန်း ပြည့်မှီရေးနှင့် လုပ်ငန်းလိုအပ်ချက်များအား လမ်းညွှန်မှာ ကြားပေးခဲ့ကြောင်းသိရသည်။
ကိုမင်း(ခရမ်း )