မုဒုံ ဒီဇင်ဘာ ၁၆
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် မုဒုံမြို့နယ် ရှိရွှေဟင်္သာစျေးတွင် ယမန်နေ့နံနက် (၁၀) နာရီခန့်က မီးဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် လက်တွေ့လေ့ကျင့်ခြင်းများကို ဆောင်ရွက်ခဲ့ သည်။
အဆိုပါ ရွှေဟင်္သာစျေးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြခြင်းကို မုဒုံမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယဦးစီးမှူး ဦးဝင်းညွှန့်နှင့်ဝန်ထမ်းများ၊ ပြည်နယ်မီးသတ် ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဦးမြင့်ဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်များကစျေးအတွင်းရှိ ဆိုင်ခန်းများတွင် မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ဆေးဘူးများ ဆောင်ရွက်ထားရှိမှု အခြေအနေများအား စစ်ဆေးခြင်း၊ စျေးဆိုင်ရှင်စျေးသူ ၊စျေးသားများအားမီးသတ်ဆေးဗူး အသုံးပြုပုံများ၊ အရေးပေါ် မီးငြှိမ်းသတ်မှု သရုပ်ပြသခြင်း၊မီးသတ်ရေတိုက်ငုပ်များစစ်ဆေးဆောင်ရွက် ခြင်းနှင့် မီးဘေးအန္တရာယ် အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
မုဒုံမြို့နယ် မီးသတ်ဦးစီးဌာနမှမြို့နယ်အတွင်းရှိ ပြည်သူများ အသက်အိုးအိမ် စည်းစိမ်များ၊ ကုန်ထုတ်အရင်းနှီး များကိ မီးဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်တာဆီးရေး လုပ်ငန်းများကို ရပ်ကွက်/ ကျေးရွာများတွင် အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် မီးသတ် ဦးစီး ဌာနမှ သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)