မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ Mask Campaign ပြုလုပ်

ဆော ဒီဇင်ဘာ ၁၆

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ Mask Campaign အသိပညာပေးဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောမြို့ မြို့မ အားကစားကွင်း အနီး မြို့ဝင်စစ်ဆေးဂိတ်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ Mask Campaign ဆောင်ရွက်ရာတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးမှူး ဦးနေမင်းပိုင် နှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ စျေးရောင်း၊ စျေးဝယ် ပြည်သူများနှင့် ဖြတ်သန်း သွားလာနေကြသူပြည်သူများအား နှာခေါင်းစည်း mask များ အခမဲ့ဖြန့်ဝေပေးခြင်း၊ တပ်ဆင်ထားသည့် နှာခေါင်းစည်းဟောင်း နွမ်းနေပါကလည်း အသစ်လဲလှယ်တပ်ဆင်စေခြင်း တို့ကို ဆောင်ရွက်ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါကာလအတွင်း ကူးစက်မှုမဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအား သိရှိလိုက်နာဆောင်ရွက်ကြရန် အသိပညာပေး ပြောကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဇော်မျိုးသန့်(ဆော)