ကံမ ဒီဇင်ဘာ ၁၆
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာနမှ ကျေးလက် နေပြည်သူများ သောက်သုံးရေအခက်အခဲ မရှိစေရေးအတွက် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကြို့ပင်ကျေးရွာအုပ်စု၊ အထက်မီးပေါက်ကျေးရွာ၌ မြေသားမိုးရေလှောင်ကန်အား တူးဖော်ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ မြေသားမိုးရေလှောင်ကန်မှာ အလျား ၁၅၀ ပေ၊ အနံ ၁၀၀ ပေနှင့် အနက် ၆ ပေ ရှိပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ ကျပ် ၁၂၈ သိန်း ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း အထက်မီးပေါက်ကျေးရွာမှ အိမ်ခြေ ၁၄၇ အိမ် ၊ လူဦးရေ ၅၆၄ ဦးတို့နှင့် ကျွဲနွားတိရိစာ္ဆန်များအား အကျိူးပြုနိုင်မည်ဖြစ်ကြောင်း မြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
ကျော်ဇေယျဝင်း (ကံမ)