တွံတေး ဒီဇင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်ရှိ ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ကုသရေးနှင့်ကူညီ ထောက်ပံရေးအဖွဲ့သို့ အလှူရှင်များမှ ပြည်တွင်း၊ ပြည်ပပြန်များ Quarantine ဝင်သူများအားကျွေးမွေး ရန်နှင့်လိုအပ်ချက်များတွင် သုံးစွဲနိုင်ရေး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်အလှူရှင်များက ယမန်နေ့ နေလယ်က နေရာအသီးသီး တွင်လှူဒါန်းပေးခဲ့ကြောင်းသိရသည်။
ကိုဗစ်-၁၉ကူညီစောင့်ရှောက်ရေး အဖွဲ့အား ကိုဗစ်-၁၉လုပ်ငန်းများ ဆောင်ရွက်မှုများ တွင်အသုံးပြုရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တွံတေးမြို့နယ်ကိုဗစ်-၁၉ ကူညီစောင့် ရှောက်ရေးအဖွဲ့မှ ဆောင်ရွက် နေသော Quarantine Centre များတွင်အသုံးပြုဆောင်ရွက်နိုင်ရန် အတွက် အလှူငွေကျပ်( ၅၀၀၀၀၀၀) အားတွံတေး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှမြို့နယ်အုပ်ချုပ် ရေးမှူး ဦးညီညီထွေးက တွံတေးမြို့ ကိုဗစ်-၁၉ကူညီစောင့်ရှောက်ရေးအဖွဲ့သို့ပေးအပ်လှူဒါန်းပေးခဲ့ရာ တာဝန်ရှိသူများကလက်ခံ ရယူခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ မအူပင်ခရိုင်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲမှ PPE Level 2 အစုံ(၁၀၀)လက်အိတ်(၁)ပါကင်၊ မချိုလွင်ထွန်းမှ အလှူငွေကျပ်(၁၀၀၀၀၀)၊မောင်ဇင်မင်းထွဋ်မှမွေးနေ့ အလှူငွေကျပ် (၅၀၀၀၀)၊ ဦးစိန်သောင်းမွေးနေ့အတွက် အလှူငွေကျပ်(၈၃၀၀၀)တို့အားကိုဗစ်-၁၉အထောက် အကူပြု အဖွဲ့အားလှူဒါန်းပေးရာတာဝန်ရှိ သူတို့ကလက်ခံရယူခဲ့ကြောင်းသိရသည်။
ထို့နောက်လှူဒါန်းမှုအတွက် ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီမှကျေးဇူးတင်စကားနှင့် ဂုဏ်ပြု မှတ်တမ်း လွှာများပေး အပ်ခဲ့ကြောင်း သိရသည်။
မျိုးလှိုင်(တွံတေး)