ကမာရွတ် ဒီဇင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ် စည်ပင်သာယာရေး ကော်မတီ အနေဖြင့် မြို့နယ်အတွင်း ပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပစေရေး၊ ရေစီးရေလာ ကောင်း မွန်စေရေး၊ လမ်းသွားလမ်းလာ ပြည်သူများနှင့် ယာဉ်အသွားအလာများ အဆင်ပြေစေရေး၊ လမ်းပန်း ဆက်သွယ်မှု အဆင်ပြေချောမွေ့စေရေးတို့အတွက် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်သူများ လမ်းပန်းဆက်သွယ်ရေး လွယ်ကူအဆင်ပြေ ချောမွေ့စေရန် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရပ်ကွက်နေပြည်သူများ သွားလာရေး လွယ်ကူအဆင်ပြေစေရန်နှင့် လမ်းပန်းဆက်သွယ်ရေး ပိုမိုတိုးတက်ကောင်းမွန်စေရန် အမှတ် ၁ ရပ်ကွက် အောင်မြေသာစည် ၁လမ်း ( ၇၄၅ ပေ × ၁၈ ပေ× ၆ လက်မ) ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို တိုင်းဒေသကြီးဘတ်ဂျက် ကျပ်သန်း (၂၄.၈၀၈)ဖြင့် ဆောင်ရွက်လျက်ရှိပြီး အဆိုပါလမ်း အရည်အသွေး ကောင်းမွန်စေရေး၊ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်နိုင်ရေးတို့ကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဒေါ်သန်းသန်းဌေးနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကွန်ကရစ်ခင်းရန်ပြင်ဆင်မှု အခြေအနေ များကို ကွင်းဆင်းကြည့်ရှုခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
စိမ်းလဲ့ (ပြန်/ဆက်)