သုံးခွမြို့နယ်အတွင်း၊ စားသောက်ဆိုင်များအား ဆိုင်ထိုင်စားသောက်ခွင့်မပြုဘဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရေးကွင်းဆင်းစစ်ဆေး

သုံးခွ ဒီဇင်ဘာ ၁၆

ရန်ကုန်တောင်ပိုးခရိုင်၊ သုံးခွမြို့နယ်အတွင်း စားသောက်ဆိုင်များအား ဆိုင်ထိုင်စားသောက်ခွင့်မပြုဘဲ ပါဆယ်စနစ်ဖြင့် ရောင်းချရေး ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

သုံးခွမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ကူးစက်ပြန့်ပွားမှုမှ‌ လျော့ကျစေရေး အတွက်စားသောက်ဆိုင်များ၊ ထမင်းဆိုင်များ၊ လက်ဘက်ရည်ဆိုင်များနှင့် အစားအသောက်ရောင်း ချသော ဆိုင်များအားကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနက ထုတ်ပြန်ထားသောလမ်းညွှန်ချက်များ ဖြစ်သည့် လက်သန့်ဆေးရေထားရှိမှု၊ လက်‌ဆေးဘေစင်ထားရှိမှု၊ အဖုံးပါ‌သောအမှိုက်ပုံးများထားရှိမှု၊ အစားအသောက်ရောင်းချသူများ၊ ဆိုင်၀န်ထမ်းများ Mask နှင့် Face Shield တပ်ဆင်ထားမှုရှိ/မရှိစစ် ဆေးခဲ့ခြင်းနှင့်အတူဆိုင် ထိုင်စနစ်ဖြင့်မဟုတ်ဘဲပါဆယ်စနစ်ဖြင့်‌ ရောင်းချခြင်းရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး Stay at Home ကာလအတွင်းဆိုင်ထိုင်စနစ်ဖြင့်‌ ရောင်းချခြင်းမပြုဘဲ ပါဆယ်စနစ်ဖြင့်သာ‌ ရောင်းချရန် အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင်သုံးခွမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး လုပ်ငန်းကော်မတီ၀င်များ၊ မြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် ကျန်းမာ‌ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ သုံးခွမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဆိုင်ထိုင် စားသောက်ခြင်းမပြုဘဲ ပါဆယ်စနစ်ဖြင့်သာရောင်းချရေး ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြစေရေး အသိပညာပေး၍ စားသောက်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

စည်သူလင်း (ပြန်/ဆက်)