ကော့မှူး ဒီဇင်ဘာ ၁၆
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ် ငှက်အော်စမ်းကျေးရွာ ကော့မှူး-ကျိုက်ထော်ကားလမ်းဘေး နေဦးဇော်မင်းဦး၏ နေအိမ်၌ ယမန်နေ့ ညနေပိုင်းက မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။
ဖြစ်စဉ်မှ ဦးဇော်မင်းဦး၏ ၈ပေ×၁၀ပေ အုတ်ဒူးပိတ်၊ သွပ်မိုး၊ သွပ်ကာမြေစိုက်အလုပ်ရုံ တစ်လုံးသည် ဖွဲမီးဖိုဖြင့် ကော်စေးပြားများ မှိုင်းတိုက်ရာမှ တစ်ဆင့် ကော်စေးပြားသို့ မီးကူးစက်လောင်ကျွမ်းခဲ့ပြီး လူများ ထိခိုက်မှုမရှိကြောင်း သိရသည်။
အဆိုပါ မီးလောင်ရာသို့ ကော့မှူးမြို့နယ် မီးသတ်တပ်ဖွဲ့မှ ဒုတိယဦးစီးမှူး ဦးအောင်မင်းဝေ ဦးဆောင်၍ ကော့မှူးမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်နှစ်စီး၊ ကျိုက်ထော်မြောက်နယ်မြေမှ မီးငြှိမ်းသတ် ယာဉ်တစ်စီး စုစုပေါင်း မီးငြှိမ်းသတ်ယာဉ် သုံးစီးဖြင့် တပ်ဖွဲ့ဝင်(၁၈)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၀)ဦးနှင့် ကျေးရွာနေပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြပြီး ပိုင်ရှင်ဖြစ်သူ ဦးမင်းဇော်ဦး (ဘ) ဦးသန်းထွန်း အသက်(၄၃)နှစ်အား ကော့မှူးမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ကျော်သူရ ကော့မှူး