ရွှေကျင်မြို့နယ် မြို့မဈေးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြလေ့ကျင့်

ရွှေကျင် ဒီဇင်ဘာ ၁၆

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ် မြို့မဈေးတွင် ယမန်နေ့ ညနေ ၃ နာရီ အချိန်ခန့်က မီးဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် လက်တွေ့သရုပ်ပြ လေ့ကျင့်ခြင်းများကို ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

အဆိုပါ မြို့မဈေးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြခြင်းကို မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်မိုးမိုးနိုင်နှင့် ဈေးတာဝန်ခံများ မြို့နယ်မီးသတ် ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးဌာနမှူး   ဦးဇော်ညီညီလွင်နှင့်  မီးသတ်တပ်ဖွဲ့ဝင်များက ဈေးအတွင်း ဈေးဆိုင်ခန်း များတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ဆေးဘူးများ ဆောင်ရွက် ထားရှိမှု အခြေအနေများအား စစ်ဆေးခြင်း မီးငြိမ်းသတ်မှုအား လက်တွေ့သရုပ်ပြခြင်း မြို့မဈေးကြီးအား ရေဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ရွှေကျင်မြို့နယ် မီးသတ်ဦးစီးဌာနသည် မြို့နယ်အတွင်းရှိ ပြည်သူများ အသက်အိုးအိမ်စည်းစိမ်များ ကုန်ထုတ်အရင်းအနှီးများကို မီးဘေးအန္တရာယ်မှ တားဆီးကာကွယ်ရေး အသိပညာပေးခြင်းလုပ်ငန်းများ ကိုလည်း ရပ်ကွက်နှင့်ကျေးရွာများတွင် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် မီးသတ် ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးဇော်ညီညီလွင်ထံမှ သိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)