ကျောက်တံခါး ဒီဇင်ဘာ ၁၆
ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်စေရေးအတွက် သဘာဝဘေး စီမံခန့်ခွဲမှုကော်မတီသည် သမင်းအင်းကုန်းကျေးရွာ အုပ်စုအတွင်းရှိ သမင်းအင်းကုန်း၊ သူဌေးကုန်း၊ ကျွဲတလင်း၊ ခိုလိုကျေးရွာတို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် ပြည်သူ များအား နှာခေါင်းစည်းများ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြ သည်။
အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ပြန်/ဆက်ဦးစီးဌာန၊ မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များ၊ သမင်းအင်းကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက သမင်းအင်း ကုန်းကျေးရွာ အုပ်စုအတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေးအတွက် ကိုဗစ်-၁၉ရောဂါ လက္ခဏာများ၊ လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ ရှောင်ကြဉ်ရမည့်အချက်များ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ လိုက်နာ ဆောင်ရွက် ကြရန်နှင့် နေအိမ်အပြင် ထွက်ပါကမဖြစ်မနေ နှာခေါင်းစည်းများ တပ်ဆင်သွားလာကြရန် တို့ကို အသိ ပညာပေးနှိုးဆော်ခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနက နှာခေါင်းစည်း(Mask)များအား အခမဲ့ဖြန့်ဝေခြင်းများ ဆောင်ရွက် ခဲ့ကြကြောင်း သိရှိရသည်။
စန်းစန်း(ပြန်/ဆက်)