ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ကျေးရွာများအတွင်း ကျယ်ကျယ် ပြန့်ပြန့်ဆောင်ရွက်

ထန်းတပင်(ပဲခူး) ဒီဇင်ဘာ ၁၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းများကို အရှိန်အဟုန်အမြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ထန်းတပင် မြို့နယ် ကျေးရွာများအတွင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်  ဝန်ထမ်းများက ကျေးရွာနေပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပါက ဖြစ်ပွားတတ်သည့် ရောဂါလက္ခဏာများ၊ ရောဂါကူးစက်မှု မဖြစ်ပွားစေရန်အတွက် တစ်ဦးနှင့်တစ်ဦး ၆ ပေအကွာနေသင့် ကြောင်း၊ လက်ကိုမကြာခဏ ဆေးသင့်ကြောင်း ကိုဗစ်-၁၉ ရောဂါသည် နေရာဒေသမရွေး ကူးစက်နိုင် ကြောင်း ပြည်သူများကလည်း မိမိတို့ကျေးရွာအတွင်းသို့ နေရပ်ပြန်များ ပြန်လည်ရောက်ရှိလာသူများ ရှိပါက သက်ဆိုင်ရာကျေးရွာ အုပ်ချုပ်ရေးမှူးမှ တစ်ဆင့် သတင်းပို့ရမည်ဖြစ်ကြောင်း ပြည်သူများ အနေဖြင့် ထုတ်ပြန်ထားသော ဉပဒေများကို သိရှိလိုက်နာရန် လိုအပ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက၊ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်သော ညွှန်ကြားချက်များအတိုင်း လိုက်နာ ဆောင်ရွက်ကြရန်နှင့် ပြည်သူများအားလုံး ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း စသည်တို့အား လိုက်လံအသိပေးနိုးဆော်ဆောင်ရွက်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များကို ပြည်သူများ၏ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)