မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် Mask Campaign လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်

ရန်ကုန် ဒီဇင်ဘာ ၁၆

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုမှ ကာကွယ်နိုင်ရန်အတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ Mask and Face Shield Campaign ကို ယမန်နေ့ နံနက်ပိုင်းအချိန်က စံပြ ဖ...လ ရပ်ကွက်အတွင်းရှိ ဖ...လ စျေးအတွင်း တာဝန်ရှိ သူများက လိုက်လံဆောင်ရွက်ပေးခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးစီးဌာနမှ ကျန်းမာရေးမှူးအဆင့် () ဒေါ်တင်တင်ဝင်းမှ ဦးဆောင်၍ အမျိုးသမီးကျန်းမာရေးဆရာမများက ဖ...လ စျေးအတွင်းနှင့် စျေးအပြင်တွင် ရောင်းချနေသော စျေးသည်များအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ခြင်းမှ ကြိုတင် ကာကွယ်နိုင်ရေးအတွက် Mask နှင့် Face Shield များကို အခမဲ့ဖြန့်ဝေပေးခြင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်  ကိုဗစ်-၁၉ ရောဂါမဖြစ်ပွားစေရေးအတွက် လိုက်နာရမည့် လမ်းညွှန်ချက်များအား Hand Speaker များဖြင့် လိုက်လံနှိုးဆော်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ Mask and Face Shield Campaign နှင့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေးခြင်းများကို မြို့နယ် အတွင်းရှိ လူစည်ကားရာစျေးများနှင့် လမ်းများတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူ များက လိုက်လံဆောင်ရွက်ပေးခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအန္တရာယ်မှ လျော့ချနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ချစ်စုဝေ (ပြန်/ဆက်)