မြောက်ဥက္ကလာပ ဒီဇင်ဘာ ၁၆
မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ကော်မတီ(ဗဟို)၏ လမ်းညွှန်မှုဖြင့် ရန်ကုန် တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်နုနုခိုင် ကြီးကြပ်မှုဖြင့် ယမန်နေ့ ညနေ ၄ နာရီက ဝေဘာဂီရပ်ကွက်နှင့် တံတားကြီး ရပ်ကွက်တို့မှ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဝင်များက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန် မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် လူစည်းကားရာနေရာများဖြစ်သည့် လမ်းဆုံ၊ လမ်းဝများ၊ ကားဂိတ်များ၊ ဆိုက်ကားဂိတ် များ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများဖြစ်သည့် ပြည်သူများ နေအိမ်ပြင်ပမှ ထွက်ခွာတိုင်း နှာခေါင်းစည်း Mask များ မပျက်မကွက် တပ်ဆင်ရန် အသိပညာပေးခြင်းနှင့် Mask များဝေငှခြင်း၊ ကိုဗစ်-၁၉ ကာကွယ်ရေး ပိုစတာများ ကပ်ခြင်းနှင့် လက်ကမ်းစာစာင်များ ဝေငှခြင်း၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို လိုက်နာရန် Hand Speaker များဖြင့် ကြေညာခြင်းကို ဝေဘာဂီ ရပ်ကွက်နှင့် တံတားကြီး ရပ်ကွက်တို့မှ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များနှင့်အတူ ရပ်ကွက် အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့များ၊ မြန်မာ နိုင်ငံကြက်ခြေနီတပ်ဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များမှ ကိုဗစ်-၁၉ အသိပညာပေး လုပ်ငန်းများ တစ်လ စီမံချက်ဖြင့် အပတ်စဉ် အင်္ဂါနေ့၊ ကြာသပတေးနေ့နှင့် တနင်္ဂနွေနေ့များတွင် ဆောင်ရွက်သွားမည်ဖြစ်ပြီး ယခု ဆောင်ရွက်မှုမှာ ဒုတိယအပတ်စဉ် ဖြစ်ကြောင်းနှင့် မြို့နယ်အတွင်းရှိ ရပ်ကွက်(၁၉)ရပ်ကွက်တွင်လည်း ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
မြမြဝင်း (ပြန်/ဆက်)