ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ပါးစပ်၊ နှာခေါင်းစည်းတပ်ဆင်ရေး Mask Campaign ပြုလုပ်၍ အသိပညာပေးဆောင်ရွက်

ဒဂုံမြောက် ဒီဇင်ဘာ ၁၆

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် အိမ်ပြင်ထွက်သူတိုင်း ပါးစပ်၊ နှာခေါင်းစည်း တပ်ဆင်‌စေရန် ရည်ရွယ်၍ Mask Campaign ပြုလုပ်ခြင်းနှင့် အသိပညာပေးဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၈ နာရီက (၃၀)ရပ်ကွက် ဒဂုံရွှေပြည်စျေးတွင် လူထုအ‌ခြေပြု အကောင်အထည်ဖော် စီမံချက်အရ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ Mask Campaign ဆောင်ရွက်ရာသို့ မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင် သာယာရေးကော်မတီနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်းအဖွဲ့မှ ပါးစပ်၊ နှာခေါင်းစည်း(mask)များ၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့အား စျေးလာဝယ်သူ ပြည်သူများနှင့် လမ်းသွားလမ်းလာများအား လိုက်လံဝေငှ၍ အသိပညာပေး ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်အနေဖြင့် မြို့နယ်အတွင်း နေထိုင်သော ပြည်သူများ ကိုဗစ်-၁၉ ရောဂါမှ ကာကွယ်နိုင်ရန် Mask Campaign များ၊ ပါးစပ်၊ နှာခေါင်းစည်းတပ်ဆင်ရေး စစ်ဆေး အရေးယူမှုများအား စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြင့်မြင့်ရီ(ပြန်/ဆက်)