သင်္ဃန်းကျွန်း ဒီဇင်ဘာ ၁၆
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် ရည်ရွယ်၍ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်း မြို့နယ်၊ (ခ)ရပ်ကွက်၊ ဘူတာလမ်းဆုံတွင် ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က နှာခေါင်းစည်း(Mask)များ ဝေငှခြင်းနှင့် အသိပညာပေးနှိုးဆော်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များ နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ ပြည်သူများမဖြစ်မနေ နေအိမ်ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်း (Mask)တပ်ဆင်သွားလာရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား သည့် ညွှန်ကြားချက်များအတိုင်း လိုက်နာကြရန် အသိပညာပေးနှိုးဆော်ခဲ့ပြီး နှာခေါင်းစည်း တပ်ဆင် ထားခြင်းမရှိသူများအား နှာခေါင်းစည်း (Mask)များကို ဝေငှပေးခဲ့ကြောင်း သိရသည်။
ထူးထက်(ပြန်/ဆက်)