ဘားအံမြိုတွင် ပအိုဝ်းနှစ်ကူးနေ့ အထိမ်းအမှတ် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်

ဘားအံ ဒီဇင်ဘာ ၁၆

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ပအိုဝ်းလူမျိုးတို့၏ ရိုးရာဓလေ့၊ စာပေသမိုင်း စတဲ့ယဉ်ကျေးမှု အမွေအနှစ်များ မပပျောက်စေရေး အတွက်ရည်ရွယ်ပြီး ပအိုဝ်းနှစ်ကူးနေ့ အထိမ်းအမှတ် အခမ်းအနားကို  အကျဉ်းချုပ်အနေဖြင့် ပအိုဝ်း စာပေယဉ်ကျေးမှုရုံးတွင် ယမန်နေ့နံနက် (၁၀) နာရီက ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့ကျင်းပရာမှာ ပအိုဝ်းနှစ်ကူးနေ့ အထိမ်းအမှတ်နေ့ဆွမ်း ဆက်ကပ်လှူဒါန်းရာသို့ ကရင် ပြည်နယ်အစိုးရ အဖွဲ့ဝင် ပအိုဝ်း တိုင်းသား လူမျိုးရေးရာဝန်ကြီး ဦးခွန်မျိုးတင့်၊ ပအိုဝ်း စာပေယဉ်ကျေးမှုဉက္ကဋ္ဌ ဦးခွန်သိန်းတင်၊ ပအိုဝ်းစာပေ ယဉ်ကျေးမှု အဖွဲ့ဝင်များ၊ ပအိုဝ်း တိုင်းရင်သားများ တက်ရောက်ကြပြီး လှိုင်းဘွဲမြို့နယ် ကျောက်တောင်ကျောင်း ဆရာတော် ဘဒ္ဒန္တသိက္ခထံမှ (၅) ပါး သီလခံယူဆောက်တည်ကြပြီး လှူဖွယ်ပစ္စည်များ ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်လက်၍ လှိုင်းဘွဲ မြို့နယ်  ရေပူတိုက်ကျောင်းဆရာတော် ဘဒ္ဒန္တကောဝိဒထံတွင် ရေစက်သွန်းချအမျှပေးဝေကြပြီး ပင့်သံဃာတော် (၇)ပါအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်တွင် ပအိုဝ်းနှစ်သစ်ကူးနေ့သည် ပဉ္စမအကြိမ် ကျင်းပပြုလုပ်ရမှာဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလဖြစ်တာကြောင့် အကျဉ်းချုပ်ပြုလုပ်ခြင်းဖြစ်ကြောင်းနှင့် ပအိုဝ်းနှစ်သစ်ကူးနေ့ ဖြစ်ပေါ်လာပုံမှာ သူရိယစန္ဒာမဟာဒွိတပေါင် မင်းကြီး၏ မင်းပြူစဉ်ကာလ သုဝဏ္ဏဘူမိသထုံပြည်သို့ မဟာသက္ကရာဇ် ၁၀၅ ခုနှစ်၊ နတ်တော်လဆန်း(၁)ရက်နေ့တွင် ဂေါတမ မြတ်စွာဘုရား ကြွလှမ်းရောက်ရှိလာသည်ကို နောင်လာနောင်သားများ အမှတ်တရ ရှိကြစေရန် ရှေးပအိုဝ်းလူကြီးများက အဆိုပါ နေ့ကို ပအိုဝ်းနှစ်သစ်ကူးနေ့ဟု သတ်မှတ်ပေးခဲ့ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)