ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့တွင်  ပြည်သူများ နှာခေါင်းစည်းမဖြစ်မနေ တပ်ဆင်သွားလာရေး လူထုလှုပ်ရှားမှု နေ့စဉ် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိ

တံတား ဒီဇင်ဘာ ၁၆

ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် ပြည်သူများ နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်သွားလာရေး အတွက် လူထုလှုပ်ရှားမှုကို နေ့စဉ် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၇ နာရီက တံတားမြို့ ယာယီပျံကျဈေးနှင့် YBS ၃၄ ကားဂိတ်တို့တွင် ဌာနဆိုင်ရာများ ပူးပေါင်း၍ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုနှုန်း လျော့နည်းကျဆင်းမှု မရှိသေးသည့် အတွက် တံတားမြို့ အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် နေအိမ်ပြင်ပ ထွက်ခွာသူ များအား Mask နှာခေါင်းစည်း တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ တပ်ဆင်ခြင်းမရှိပါက ဒဏ်ငွေ ၂၀ဝိ/ ကျပ် ပေးဆောင်စေပြီး စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ  Mask နှာခေါင်းစည်း ၁ ခု ပြန်လည်တပ်ဆင်ပေးခြင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များအား လိုက်နာကြရန် လက်ကိုင်အသံချဲ့ စက်များဖြင့် အသိပညာပေးခြင်းနှင့် ကိုဗစ်-၁၉ရောဂါအသိပညားပေး တေးသီချင်းများ ဖွင့်လှစ်ခြင့်တို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 အဆိုပါ မျက်နှာနှင့်နှာ‌ခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားမှုစီမံချက်ကိုအရှိန်အဟုန်မြှင့် ဆောင်ရွက်ရခြင်းမှာ ရောဂါကူးစက်ပြန့်ပွားမှုကွင်းဆက်ကို ဖြတ်တောက်ပြီး ထိရောက်စွာ ကာကွယ် ထိန်းချုပ်နိုင်မှသာ စီးပွားရေး၊ပညာရေးနှင့် လူမှုရေးလုပ်ငန်းများကို ပုံမှန်အနေအထားအတိုင်း အမြန်ဆုံး ပြန်လည်လုပ်ကိုင်လာနိုင်မည်ဖြစ်သည့်အတွက် ပြည်သူများ အနေဖြင့် ပူးပေါင်းပါဝင် လိုက်နာကြစေရန် အတွက် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

တင်နိုင်ဝင်း (ပြန်/ဆက်)