စမ်းချောင်း ဒီဇင်ဘာ ၁၆
ရန်ကုန်အနောက်ပိုင်းခရိုင် ၊ စမ်းချောင်းမြို့နယ်အတွင်း ကိုဗစ်ကာလ ပုံမှန်ဝင်ငွေမရှိသောမိသားစုများအတွက် နိုင်ငံတော်က ထောက်ပံ့မည့် အစီအစဉ်အတွက် ကွင်းဆင်းစိစစ်မှုကို ယနေ့ နံနက်ပိုင်းအချိန်က စမ်းချောင်းမြို့ နယ် လင်းလွန်း(တောင်)ရပ်ကွက် အတွင်းကွင်းဆင်းခဲ့ကြသည်။
စမ်းချောင်းမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစား မိသားစုစာရင်း ပိုမိုပြည့်စုံမှန်ကန်ရေး၊ ပုံမှန် ဝင်ငွေမရှိသော အခြေခံလူတန်းစားမိသားစုစာရင်းကို မြို့နယ်စိစစ်ရေးအဖွဲ့ကပြန်လည်စစ်ဆေးပြီး၊ ရပ်ကွက်အတွင်း နေထိုင်သော ပြည်သူများပွင့်လင်းမြင်သာစွာသိရှိစေရန် ရပ်ကွက်များအတွင်းသို့ မြို့နယ် စိစစ်ရေး အဖွဲ့များမှ ကွင်းဆင်းစိစစ်ပေးခြင်းဖြစ်ပါသည်။
ယင်းသို့ ကွင်းဆင်းဆေါင်ရွက်ရာတွင် စမ်းချောင်းမြို့နယ်မှ လွှတ်တော်ကိုယ်ကိုယ်စားလှယ်များ၊မြို့နယ် အုပ်ချုပ် ရေးမှူး ဦးကျော်ကျော်၊ မြို့နယ်ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များလိုက်ပါ၍ အိမ်တိုင်ရာရောက် ကွင်းဆင်းစီစစ်ခဲ့ကြကြောင်း သိရပါသည်။
ခင်ချောစုဝင်း(ပြန်/ဆက်)