တာမွေမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်

ရန်ကုန် ဒီဇင်ဘာ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု နှုန်းကို ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် စျေးတာဝန်ခံနှင့် စျေးကိုယ်စားလှယ်များ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းအချိန်က တာမွေမြို့နယ်ရှိ တာမွေ(ယာယီ)စျေးတွင် စျေးဝယ်လာကြသူများအား ကိုယ်အပူချိန် တိုင်းတာခြင်း၊ နှာခေါင်းစည်း (Mask) တပ်ဆင်စေခြင်း၊ လက်သန့်ဆေးရည်(သို့) လက်ဆေးဆပ်ပြာရည်နှင့် လက်ကိုစနစ်တကျ ဆေးကြောစေခြင်းများ ဆောင်ရွက်ပြီးမှသာ စျေးအတွင်း သို့ ဝင်ရောက်စေခြင်း၊ တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာမှ စျေးဝယ်ယူစေ ခြင်း၊ စျေးရောင်းချသူများကို လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ စျေးရောင်းချစေခြင်း စသည်ဖြင့် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးခဲ့ ကြသည်။

ထို့သို့ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအပေါ် စျေးလာရောက်ဝယ်ယူသူ ဦးစိုးမိုးကလည်း "အခုလို စျေးတာဝန်ခံနှင့် စျေးကိုယ် စားလှယ်များ ပူးပေါင်းပြီး တာမွေ(ယာယီ)စျေးတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိ စေရေးအတွက် အသိပညာပေးလုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန် လုပ်ပေးတာဟာ အရမ်းကောင်းပါ တယ်။ ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ လည်း ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန်အချက်တွေကို ပြည့်ပြည့်စုံစုံ သိရှိခွင့်ရတဲ့အတွက် တာဝန်ရှိသူတွေကို ကျေးဇူးအထူး တင်ရှိပါ တယ်" ဟု ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ရေး လုပ်ငန်းများကို ဘက်စုံထောင့်စုံမှ ဆောင်ရွက်လျက်ရှိပြီး ပြည်သူတွေအနေနဲ့လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအား တိကျစွာ လိုက်နာခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီက အသိပေးနှိုးဆော် ထားကြောင်း သတင်းရရှိသည်။

နိုင်လင်းအောင်(ပြန်/ဆက်)