ဘုရားသုံးဆူမြို့ အမှတ်(၁)ရပ်ကွက်ရှိ စံပယ်လမ်းခင်းကျင်းမှုအား ကွင်းဆင်းစစ်ဆေး

ဘုရားသုံးဆူ ဒီဇင်ဘာ ၁၆

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ အကျယ် ၁၄ ပေ၊ အရှည် ၁၄၀၀ ပေ၊ ထု ၆ လက်မရှိ စံပယ်လမ်းအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ခွင့်ပြုငွေကျပ် (၄၇) သန်းဖြင့် ဆောင်ရွက်ခဲ့ပြီး ပြည်နယ်အရည်အသွေး စစ်ဆေးရေး ကုမ္ပဏီမှ  သတ်မှတ် စံချိန် စံညွှန်းနှင့် ညီညွှတ်မှုရှိမရှိ ကွင်းဆင်း စစ်ဆေးခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီ အချိန်တွင် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း  သိရသည်။

အဆိုပါ ဆောင်ရွက်မှုများအား ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် အရည်အသွေး စစ်ဆေးရေး ကုမ္ပဏီမှ  သတ်မှတ်စံချိန်စံညွှန်းနှင့် ညီညွတ်မှု ရှိ၊ မရှိ စစ်ဆေးခြင်း လမ်းအကျယ်တိုင်းတာခြင်း၊ လမ်းသားများအား စစ်ဆေးခြင်းအား ပြုလုပ်ဆောင်ရွက်ခဲ့ပြီး လမ်းခင်းခြင်းနှင့် ပတ်သက်သည့် ကိစ္စရပ်နှင့်  လိုအပ်ချက်များအား အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း  သိရသည်။

အောင်သူဟိန်း