ကျေးရွာဆက်သွယ်ရေးနှင့်ကုန်ထုတ်လမ်း ဖောက်လုပ်နိုင်ရေးကွင်းဆင်းစစ်ဆေး

ခရမ်း ဒီဇင်ဘာ ၁၆

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်းရှိ ကျေးရွာဆက်သွယ်ရေးနှင့် ကုန်ထုတ်လမ်းဖောက်လုပ်ရန်လျာ ထားနိုင်ရေးအတွက်မြေပြင်ကွင်းဆင်းတိုင်းတာစစ်ဆေးခြင်းကို ယနေ့ နံနက် ၁၁ နာရီက မြို့နယ်တိုင်း ဒေသကြီးလွှတ် တော်ကိုယ်စားလှယ်နှင့် ဌာနတာဝန်ရှိသူများက ကွင်းဆင်းတိုင်းတာစစ်ဆေးခဲ့ကြသည်။

အဆိုပါကုန်ထုတ်လမ်းမှာ ခရမ်းမြို့နယ် ကုလားကြီးစု၊ ညောင်ပင်ကြီးစု၊ ဝန်လေးဝမှ ကွမ်းမိုးဒိန်းကျေးရွာအထိ ကျေးရွာဆက်သွယ်ရေးနှင့် ဒေသထွက်ကုန်များ တင်ပို့နိုင်ရေးအတွက် ကုန်ထုတ်လမ်းအဖြစ် ဖောက်လုပ် နိုင်ရေးအတွက် မြေပြင်ကွင်းဆင်း တိုင်းတာစစ်ဆေးခြင်းကိုခရမ်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်လတ်၊ မြို့နယ်ကျေးလက်လမ်းဦးစီးမှူးဒေါ်အိအိထွေးနှင့်ဌာန တာဝန်ရှိသူများက ကွင်းဆင်းတိုင်းတာစစ်ဆေးပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍လုပ်ငန်းလိုအပ်ချက်များအား ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရသည်။

အဆိုပါကုန်ထုတ်လမ်း ပြီးစီးပါက ကုလားကြီးစု၊ ညောင်ပင်ကြီးစု၊ ဝန်လေးဝကျေးရွာများမှ ဒေသထွက်ကုန်များ အားအချိန်နှင့်တစ်ပြေးညီ ထုတ်လုပ်ရောင်းချနိုင်မည်ဖြစ်ပြီး ဆက်သွယ်ရေးကောင်းမွန်မူကြောင့်ဒေသအတွင်း ဖွံ့ဖြိုးတိုးတက်မူများရရှိလာမှာဖြစ်ကြောင်းသိရှိရသည်။

ကိုမင်း (ခရမ်း)