ဒီပဲယင်းမြို့နယ် ဆပ်ပြာကျင်းကျေး ရွာအုပ်စုတွင် (AIIP) အစီအစဉ်ဖြင့် ပြုလုပ်သော ဆောင်းမြေပဲ စံပြကွက် ကွင်းသရုပ်ပြပွဲကျင်းပ

ဒီပဲယင်း ဒီဇင်ဘာ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ် ဆပ်ပြာကျင်းကျေးရွာ အုပ်စုတွင် (AIIP) အစီအစဉ်ဖြင့် စိုက်ပျိုးထားသော ဆောင်းမြေပဲ GAP-Gypsum သဘာဝမြေဆွေးထည့်သွင်းသုံးစွဲခြင်းနှင့် Mulching စံပြကွက် အောင်မြင်ဖြစ်ထွန်းမှု ကွင်းသရုပ်ပြပွဲကို အကျိုးဆောင်တောင်သူများ၏ ဆောင်းမြေပဲစိုက်ခင်းတွင် ယနေ့ နံနက်က ကျင်းပရာ ဒီပဲယင်း ယင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်  ဦးစီးမှူး၊ အေးသာယာစိုက်ပျိုးရေး ဝန်ထမ်းများနှင့် အကျိုးဆောင်တောင်သူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင်  ဒီပဲယင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအေးမင်းထွန်းက ကွင်းသရုပ်ပြပွဲ ဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ လည်းကောင်း၊ ဆောင်းမြေပဲကို  GAP စနစ်စိုက်ပျိုးခြင်းကြောင့် အစားအစာ ဘေးအန္တရာယ် စိတ်ချလုံခြုံမှုရှိစေခြင်း၊ စျေးကွက်ခိုင်မာမှု ရရှိစေခြင်း၊  Gypsum ထည့်သွင်းစိုက်ပျိုးခြင်းဖြင့် အစေ့အဆံပြည့်ဖြိုးပြီး ဆီအထွက်တိုးစေခြင်း စသည့် အကျိုး ကျေးဇူးများကို လည်းကောင်း ရှင်းလင်း ပြောကြားခဲ့ပြီး ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များကြောင့် မိုးရွာသွန်းမှုနည်းပါးမှုအပေါ် အစိုဓါတ်ကြာရှည်စွာ ထိန်းသိမ်းနိုင်ရေးအတွက် သဘာဝမြေဆွေး သုံးစွဲခြင်းနှင့် Mulching စံပြကွက်ကို ဆောင်ရွက်ရခြင်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာ တက်ရောက်လာကြသည့် ဆောင်းမြေပဲစိုက်တောင်သူများက သိရှိလို သည်များကို ထပ်မံမေးမြန်းခဲ့ကြပြီး  ဒီပဲယင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ  မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ပြန်လည်ဖြည့်စွက် ရှင်းလင်း ခဲ့ကြကြောင်း သိရှိရပါသည်။

သိန်းထွန်း(ဒီပဲယင်း)