ပဲခူး ဒီဇင်ဘာ ၁၆
အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း(NEP)ဖြင့် မီးလင်းခဲ့သည့် ပဲခူးမြို့နယ်၊ အင်းတကော်မြို့၊ ကျောက်တန်းကျေးရွာအုပ်စု၊ ရွာတော်ကုန်းကျေးရွာတွင် ယနေ့ နံနက်(၁၀)နာရီ အချိန်က လျှပ်စစ်မီးဖွင့် ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ပဲခူးမြို့နယ် အမှတ်(၂)မဲဆန္ဒနယ်မြေ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းစံက အဖွင့်အမှာစကားပြောကြားပြီး အင်းတကော်မြို့၊ မြို့လျှပ်စစ်အင်ဂျင်နီယာ ဦးမြင့်သိန်း က အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း(NEP)ဖြင့် မီးလင်းရေး ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားသုံးစွဲမှု တစ်နိုင်ငံလုံး၏ (၅၄%)ပြည့်မြောက် သည့် အထိမ်းအမှတ် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း(NEP)ဖြင့် မီးလင်းခဲ့သည့် ပဲခူးမြို့ နယ်၊ အင်းတကော်မြို့၊ ကျောက်တန်းကျေးရွာအုပ်စု၊ ရွာတော်ကုန်းကျေးရွာ လျှပ်စစ်မီးလင်းနိုင်ရေး အတွက် ထရန်စဖော်မာအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းစံ၊ အင်းတကော်မြို့၊ မြို့လျှပ်စစ်အင်ဂျင်နီယာ ဦးမြင့်သိန်း၊ ကျောက်တန်းစံပြကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်း၊ ရွာတော်ကုန်း ကျေးရွာ မီးလင်းရေးကော်မတီဥက္ကဋ္ဌ ဦးအေးဝင်းနှင့် ရပ်မိရပ်ဖတစ်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြ သည်။
ပဲခူးမြို့နယ်၊ အင်းတကော်မြို့၊ ကျောက်တန်းကျေးရွာအုပ်စု၊ ရွာတော်ကုန်းကျေးရွာလျှပ်စစ်မီးလင်းနိုင် ရေးအတွက် နိုင်ငံတော်မှ NEP စီမံကိန်းဖြင့် 11KV လိုင်း(၁.၉)မိုင်၊ 11/0.4KV 200KVA(၁)လုံး ဆောင်ရွက် ပေးပြီး ကျေးရွာနေပြည်သူများမှ 400 ဗို့ ဓာတ်အားလိုင်းအား ဆောင်ရွက်ပေးခြင်းဖြစ် ကြောင်း သိရ သည်။
ပဲခူးမြို့နယ် အင်းတကော်မြို့နယ်မြေတွင် ကျေးရွာပေါင်း(၄၁)ရွာရှိရာ (၃၂)ရွာ၊ (၇၈%)မီးလင်းပြီးဖြစ်ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် NEP(၃)မိုင်စီမံကိန်းဖြင့်(၄)ရွာ၊ ပြည်ထောင်စုဘက်ဂျက်ဖြင့်(၄)ရွာ ထပ်မံ၍ ဓာတ်အားရရှိမည်ဖြစ်သဖြင့် ယခုနှစ်ဘက်ဂျက်ကုန်တွင် ကျေးရွာပေါင်း(၄၀)ရွာ(၉၈%)မီးလင်း မည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဟိန်းထက်(ပဲခူး)