စစ်ကိုင်းမြို့နယ်အတွင်း သတ်မှတ်စည်းကမ်းလိုက်နာမှုမရှိဘဲ သွားလာသူ (၇၆) ဦးအား ငွေဒဏ်များ ပေးဆောင် စေခဲ့

စစ်ကိုင်း ဒီဇင်ဘာ ၁၆

စစ်ကိုင်းမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် မြို့တွင်းသွားလာ မှုများအား ပညာပေး ကာလ ကျော်လွန်လာခဲ့ပြီဖြစ်၍ ယမန်နေ့ (ပထမ) နေ့၌ သွားလာခွင့် သတ်မှတ်ကတ်ပြားမပါရှိဘဲ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအား လိုက်နာမှုမရှိဘဲ သွားလာသူ (၇၆) ဦးအား မြို့တွင်း သွားလာမှု စောင့်ကြည့်စိစစ်ရေး အဖွဲ့နှင့် ရှောင်တခင် စိစစ်ရေး (Mobile) အဖွဲ့များမှ ငွေဒဏ်များဖြင့် ဆောင်ခိုင်းစေခဲ့ကြောင်းကို  ယမန်နေ့ညနေက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှသိရသည်။

 “စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စစ်ကိုင်းမြို့အား ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ဒီဇင်ဘာလ (၁၀) ရက်နေ့ ရက်စွဲဖြင့် ဒေသန္တရအမိန့်အား ဒီဇင်ဘာ(၁၁) ရက်မှ ဒီဇင်ဘာ(၂၄)ရက်အထိ ထုတ်ပြန်ပေးခဲ့သည့်နောက်ရက်မှစ၍ မဖြစ်မနေသွားလာရန် လိုအပ်သည့်ကိစ္စများမှအပ ပြင်ပသို့မထွက်ကြ ရန်နှင့် ဈေးဝယ်ခွင့်ကတ်ပြားများကိုလည်း တစ်အိမ်ထောင်လျှင် တစ်ကတ်နှုန်း သက်ဆိုင်ရာရပ်/ကျေးများက ထုတ်ပေးခဲ့ပြီး မြို့တွင်း၌ အဓိကနေရာ (၃)ခုတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် သွားလာစောင့်ကြည့်စိစစ်ရေးအဖွဲ့များက ဒီဇင်ဘာ (၁၂) ရက်မှဒီဇင်ဘာ (၁၄)ရက်နေ့အထိအား စိစစ်၍ ပညာပေးကာလအဖြစ်သတ်မှတ်ကြောင်း နှင့် ၎င်းနေ့ရက် ကျော်လွန်ပါက လိုက်နာမှု မရှိသူများအား တစ်ဦးလျှင် ငွေဒဏ်ကျပ်(၅၀၀၀)နှုန်း ဖြင့်အပြစ်ပေး ဒဏ်ရိုက်တော့ မည် ဖြစ်ကြောင်း အသိပညာပေးများ ပြောကြားရှင်းပြခဲ့ပြီးဖြစ် သဖြင့် ကျန်းမာရေး နှင့်အားကစား ဝန်ကြီးဌာနမှ ညွှန်ကြားချက်များနှင့်အညီ လူစုလူဝေးမဖြစ် ပေါ်စေရန်နှင့် ပြည်သူများအား ရောဂါကူးစက်ပြန့်ပွားမှု လျှော့နည်း စေရန်အတွက် မြို့တွင်းသွား လာမှုစိစစ်ရေးများ ပြူလုပ်ပေးရခြင်းဖြစ်ကြောင်း ဒဏ်ငွေရိုက်သည်မှာ ဆိုသည် ထက် မလိုအပ် ဘဲနေအိမ်ပြင်ပမထွက်ဖို့ အသိကိုရစေလိုကြောင်း ဒါကိုပြည်သူအများက လက်ခံလိုက်နာမည် ဆိုလျှင် အားလုံးအတွက်မကြာမီ ကာလမှာပျော်ရွှင်ကြည်နူးစရာနေ့များ ဖြစ်လာတော့မှာ ဆိုသည့်အကြောင်းကို”  မြို့တွင်းစိစစ် ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။      

မျိုးဝင်း(ပြန်/ဆက်)